ကရသူရိမြို့၌ မြေပြိုခြင်းအကြောင်းအသိပညာပေး Talk Show ပြုလုပ်

ကရသူရိ စက်တင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြည်သူများ သဘာဝဘေးအန္တရာယ်ကင်းဝေးရေး မြေပြိုခြင်းအကြောင်း အသိပညာပေး Talk Show ကို စက်တင်ဘာ ၈ ရက်နေ့နံနက် ၁၀ နာရီက ဆွေးနွေးခဲ့ကြသည်။

မိုးရာသီတွင်ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီးခြင်း၊ မုန်းတိုင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်းစသည့် ဘေး အန္တရာယ်များကို ကြိုတင်ကာကွယ် ရှောင်ရှားနိုင်ရေး ကရသူရိမြို့ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်ဖြိုးက မြေပြိုမှုအသိပညာပေး အချက်(၃)ချက်အကြောင်း၊ မြေပြိုမှုဖြစ်ပေါ်နေချိန်တွင် ပြုလုပ်ရမည့်အချက်(၂)ချက်အကြောင်း၊ မြေပြိုမှုဖြစ်ပွားပြီး အချိန်တွင် ဆောင်ရွက်ရမည့်အချက်များ၊ မြေပြိုထားသော ပတ်ဝန်းကျင်အဆောက်အအုံ လျှပ်စစ်မီးကြိုးနှင့် ဝေးဝေးနေထိုင်ပါ၊ မြေပြိုမှုကြောင်း ဒဏ်ရာရသူ/ပိတ်မိနေသူများရှိပါက ကယ်ဆယ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာသို့ ချက်ခြင်းအကြောင်းကြားပြီး လိုအပ်သောအကူအညီများ ပေးပါ၊ မိမိ မိသားစုဝင်များ ပျောက်ဆုံးသွားပါက သက်ဆိုင်ရာသို့ ချက်ခြင်းအကြောင်းကြားပါ၊ မြေပြိုခြင်းကြောင်း နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သော မြေသားပြိုကျမှုတို့အား အထူးသတိပြုပါ စသည့်အကြောင်းအရာများ ပညာပေးဆွေး နွေးခဲ့ကြသည်။

အဆိုပါ မြေပြိုခြင်းအကြောင်း အသိပညာပေး Talk Show ဆွေးနွေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိရေး ပညာပေးမျှဝေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)