နမ့်စန်(တ) စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီက နမ့်လစ်ကျေးရွာအုပ်စု၊ လွိုင်ဆိုင်းကျေးရွာဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီက နမ့်လစ်ကျေးရွာအုပ်စု၊ လွိုင်ဆိုင်းကျေးရွာဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစီးမှူး ဒေါ်ဆုထားဝေက ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြန်မာအီလက်ထရောနစ်စက်ဖြင့် မဲပေးရခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကော်မရှင်ရုံးမှ ဝန်ထမ်းများက တက်ရောက်လာသော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများကို မြန်မာအီလက်ထရောနစ်စက် (MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းကို လက်တွေ့လုပ်ဆောင်ပြသခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)