ကလောမြို့၌ တီဘီရောဂါနှင့် အခြားရောဂါများ အခမဲ့ စမ်းသပ်ရှာဖွေကုသပေး

ကလော စက်တင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ က‌လောမြို့၊ မြို့မပရိယတ္တိစာသင်တိုက်ကျောင်းတွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက်  ၉ နာရီအချိန်မှစ၍ ကလောမြို့ပေါ်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား တီဘီရောဂါနှင့် အခြားရောဂါများ အခမဲ့ စမ်းသပ်ရှာဖွေကုသခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ Gene Expert စက်ဖြင့် သလိပ်စစ်ဆေးပေးခြင်းတို့‌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် (တောင်ကြီး)တီဘီရောဂါ တိုက်ဖျက်ရေးဦးစီးဌာန၊ ဒေါက်တာ တေဇာဝေယံနှင့် ကလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခိုင်စုစုညိမ်း၊ မိခင်နှင့်ကလေးကျန်းမာ‌ရေးဌာနမှ ဒေါက်တာ စောမြတ်သစ္စာတို့ဦး‌ဆောင်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး‌စောင့်‌ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကလောမြို့ပေါ်ရှိ ရဟန်းသံဃာတော်များ၊ သက်ကြီးအဘိုး၊ အဖွားများနှင့် ဒေသခံပြည်သူလူထုများအား တီဘီရောဂါနှင့်ပတ်သက်၍ ဓာတ်မှန်ရိုက်စမ်းသပ်ရှာဖွေ စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးနှင့် အထွေထွေရောဂါများအား အခမဲ့စမ်းသပ်ရှာဖွေကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ကျော်ဝင်း (ကလော)