နမ့်စန်(တ) စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က နမ့်စန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှတာဝန်ရှိသူများနှင့်တွေ့ဆုံကာ ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းစည်းဝေးခြင်းကို စက်တင်ဘာလ(၄)ရက်နေ့ ညနေ ၃ နာရီ က အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဆယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်နန်းမျိုးမျိုးအောင်နှင့် ဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။
ထို့နောက် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မြင့်ဝင်းက ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲတွင် ကျင့်သုံးမည့်မဲပေးစနစ်အကြောင်းနှင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြရာ ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)