ကွန်ဟိန်းမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကွန်ဟိန်း စက်တင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေး အသိပညာပေးဟောပြောပွဲအား စက်တင်ဘာလ ၅ ရက်နေ့ နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်သဲမာက ပလတ်စတစ်ညစ်ညမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုးများ၊ ပလတ်စတစ်အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် အဏ္ဏဝါပတ်ဝန်းကျင်ထိခိုက်မှုများကို ကျောင်းသား၊ ကျောင်းသူများသိရှိပြီး အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်းဖြင့် သန့်ရှင်းသာယာလှပသောပတ်ဝန်းကျင်၊ ကောင်းမွန်သောဂေဟစနစ်ကို ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေး နည်းလမ်းစဥ် (၅)ရပ်အကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထိုနောက် စာအုပ်စာစောင်ပြသခြင်း၊ စာအုပ်များငှားရမ်းပေးခြင်း၊ ဖတ်ရှုစေခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)