တန့်ယန်း စက်တင်ဘာလ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌမှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား တွေ့ဆုံရှင်းလင်းခြင်းကို စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံရှင်းလင်းခြင်းတွင် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)