မိုးနဲ စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အခြေခံပညာဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အခြေခံပညာကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲကို စက်တင်ဘာလ(၅)ရက်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသင်းဝင်ငါးသင်းတို့က မြန်မာ့အားကစားကမ္ဘာကိုလွှမ်းရမည် တေးသီချင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကြီးကြပ်ဒိုင်များအဖြစ် အခြေခံပညာကျောင်းများမှဆရာမများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြပြီး ဆုရရှိအသင်းများအား စက်တင်ဘာ ၇ ရက်နေ့တွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(ပြန်/ဆက်)