ပင်လောင်းမြို့နယ်၌ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ပင်လောင်း စက်တင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ အလယ်တန်းအဆင့် ဗိုလ်လုပွဲကို စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပရာ ဗိုလ်လုပွဲတွင် အ.ထ.က(၁) ဘောလုံးအသင်းက အ.လ.က ဆည်ခေါင်းဘောလုံးကို ပင်နတီအဆုံးအဖြတ်ဖြင့်လည်းကောင်း၊ မွန်းလွဲ ၁ နာရီအချိန်က အထက်တန်းအဆင့် ဗိုလ်လုပွဲတွင် အ.ထ.က(၁) ဘောလုံးအသင်းက အ.ထ.က(တလိုင်းမ)  ဘောလုံးအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အသီးသီး အနိုင်ရ ဗိုလ်စွဲသွားခဲ့ကြ‌ကြောင်း သိရသည်။

ထို့နောက် ဘောလုံးပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်းအဆင့်နှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့် ဘောလုံးအသင်းများ၊ နေရာအလိုက် အကောင်းဆုံးရရှိသည့် ဘောလုံးကစားသမားများ၊ အေရိုးဗစ်ပြိုင်ပွဲ၊ Fitness Dance ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများနှင့် ဆုရရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ စန္တာခမ်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြိုနယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)