ကော့ကရိတ် စက်တင်ဘာ ၈
မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၈ ရက်နေ့နံနက် ၉ နာရီ မိနစ် ၃၀က ကော့ကရိတ်မြို့ ဒေါနခန်းမ၌ ပြုလုပ်ကျင်းပရာ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အမှတ် (၁) ရပ်ကွက်ရှိ ဒေသခံမဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဦးကျော်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဖြိုးဝေကျော်က ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးခြင်းနှင့်ပတ်သက်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုရသည့် ရည်ရွယ်ချက်များ၊ နည်းစနစ်များနှင့် လုပ်ငန်းစဉ်များ ကိုရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူက တက်ရောက်လာကြသည့် ကေ့ာကရိတ်မြို့ပေါ် အမှတ် (၁) ရက်ကွက်ရှိ ဒေသခံမဲဆန္ဒရှင်ပြည်သူများအား လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို ပြသပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)