လဲချားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပါဝင်မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ ကိုင်ဆောင်ခွင့် လက်မှတ်တစ်ခုခုရရှိစေရေး ကွင်းဆင်းဆောင်ရွက်

လဲချား စက်တင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပါဝင်မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ ကိုင်ဆောင်ခွင့် လက်မှတ်တစ်ခုခု ရရှိစေရေးအတွက် စက်တင်ဘာလ (၄) ရက်နေ့တွင် ဝမ်ပန်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ဝမ်ပန်းကျေးရွာအုပ်စုနေပြည်သူများအား ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပါဝင်မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ ကိုင်ဆောင်ခွင့်လက်မှတ်တစ်ခုခု ရရှိစေရေးအတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ‌နှင့်အတူ ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)