ပလောက်မြို့၊ အ.မ.က-မူလွန်ကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပလောက် စက်တင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပခြင်းကို စက်တင်ဘာ ၈ ရက် နံနက် ၈ နာရီက   အဆိုပါ ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စုဇာလီဝင်းက လက်ကိုင်ဖုန်းများမှ တစ်ဆင့် Telegram၊ Viber၊ YouTube၊ Messenger တို့မှတစ်ဆင့် ဆက်သွယ်ပြောဆိုအယုံသွင်း၍ စာဖြင့်ဆက်သွယ်ကာငွေကြေးလိမ်လည်ခြင်း၊ သွေးဆောင်ကာ လူကုန်ကူးခြင်းများကို အွန်လိုင်းမှတစ်ဆင့် ကျုးလွန်ကြခြင်းကို အသိသတိဖြင့်ဆင်ခြင်ကြပြီး လိမ်လည်လှည့်ဖြားခြင်းမခံရအောင် လန်ချား - မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (LNECC) မှပေးပို့လာသည့်ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဗီဒီယို (၂) ပုဒ်ကို ပြသပေးခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပလောက်(ပြန်/ဆက်)