ရပ်စောက် စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ် စာစောင်ပြပွဲကို စက်တင်ဘာလ (၅) ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁၄)နှင့် အမှတ် (၅) အခြေခံပညာမူလတန်းကျောင်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးခြင်းဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါငြိမ်းမွန်မွန်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းဖြင်းလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ် စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)