မိုင်းယောင်း စက်တင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မိုးလုံလေလုံအားကစားခန်းမ၌ စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဦးခင်ဇော်ထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်းက ကွင်းအတွင်း ဘောလုံးကန်တွင်းပေးပြီး ဗန္ဓုလအသင်းနှင့် ဘုရင့်နောင်အသင်းတို့က အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြရာ ခရိုင်/မြို့နယ်ပညာရေးမှူး၊ ဆရာ၊ ဆရာမများ၊ အားကစားအသင်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို အမျိုးသားပွဲစဉ်တွင် အသင်း (၅) သင်း၊ အမျိုးသမီးပွဲစဉ်တွင် အသင်း (၅) သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း