မိုင်းရယ် စက်တင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် မန်ဖိုင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရန်အတွက် ယနေ့နံနက် ၁၀ နာရီက မန်ဖိုင် ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ကွင်းဆင်းရာတွင် မိုင်းရယ်မြို့နယ် လဝကဦးစီးဌာနရုံးမှ ဝန်ထမ်းများက မန်ဖိုင်ကျေးရွာအပါအဝင် မန်ဖိုင်အုပ်စုအတွင်းရှိ ကျေးရွာ(၁၁)ရွာမှ ဒေသခံပြည်သူ(၈၂)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)