တာချီလိတ်မြို့၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်း

တာချီလိတ် စက်တင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းနှင့် အလှူရှင်များက အခြေခံစားသောက်ကုန်များ‌ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ လူမှုကူညီရေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းနှင့် တာချီလိတ်မြို့နေ ဦးအာကာ၊ ဦးဇေယျအောင်၊ ဦးဘုန်းမြတ်ဟိန်း၊ ဦးချင်းချင်းမိသားစုတို့က ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ရေသန့်ဘူး၊ မုန့်ထုပ်၊ ခေါက်ဆွဲခြောက်ထုပ်များကို လှူဒါန်းခဲ့ကြသည်။

တာချီလိတ်မြို့၌ မကြာခဏမိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံဖြစ်ပွားခြင်းတို့ကြောင့် ဒေသခံပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်‌ရည်ရွယ်၍ ပြည်သူ ၃၀၀ ဦးတို့အား ‌ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)