နမ့်စန်(တ) စက်တင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဟိုရမ်းကျေးရွာအုပ်စုရှိ ကျောင်းကုန်းကျေးရွာတွင်လည်းကောင်း နေ့လည်ပိုင်းတွင် ဘန့်ဟင်ကျေးရွာအုပ်စုရှိ တွန်ကျိုင်းကျေးရွာတို့တွင်လည်းကောင်းအသီးသီးပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယဦးစီးမှူးဒေါ်ဆုထားဝေက ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့်မဲပေးနိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြန်မာအီလက်ထရောနစ်စက်ဖြင့်မဲပေးရခြင်း၏အကျိုးကျေးဇူးများကို အသိပညာပေးရှင်း လင်းပြောကြားခဲ့ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှဝန်ထမ်းများက တက်ရောက်လာကြသော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ဒေသခံပြည်သူများကို မြန်မာအီလက်ထရောနစ်စက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းအားလက်တွေ့လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှုကို နမ့်စန်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များက ကြည့်ရူအားပေးခဲ့ကြောင်းသိရသည်။၊
ငြိမ်းချမ်းအောင်(နမ့်စန်)