ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

ကော့ကရိတ် စက်တင်ဘာ ၇

မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉:၃၀ နာရီက ကျုံဒိုးမြို့၊ အ မှတ်(၂)ရပ်ကွက်၊ အေးစေတီဘုရား ဓမ္မာရုံ၌ ပြုလုပ်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျုံဒိုးမြို့၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးဖြိုးဝေကျော်က ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးခြင်းနှင့်ပတ်သက်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုရသည့်ရည်ရွယ်ချက်များ၊ နည်းစနစ်များနှင့်လုပ်ငန်းစဉ်များကိုရှင်းလင်း ပြောကြားသည်။

ထိုနောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ မဲပေးစက်ကိုင်နည်းပြများက ကျုံဒိုးမြို့ပေါ်ရှိ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်ရှိ ဒေသ ခံပြည်သူ(၁၅၀)ဦးတို့အား နံနက်(၉း၃၀)နာရီမှစတင်၍လည်းကောင်း၊ အမှတ်(၁)ရပ်ကွက်၊အမှတ်(၄)ရပ်ကွက်ရှိ ဒေသခံပြည်သူ(၁၀၀)ဦးတို့အား မွန်းလွဲ (၁း၀၀)နာရီချိန်မှ စတင်၍လည်းကောင်း လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို ပြသပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကေ့ာကရိတ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကျုံဒိုးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှဝန်ထမ်းများ၊ မဲပေးစက်ကိုင်နည်းပြများ၊ မြို့ပေါ်ရပ်ကွက်ရှိဒေသခံမဲဆန္ဒရှင်ပြည်သူများတက်ရောက်ကြပြီး လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)