နောင်ချိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းများ ဆောင်ရွက်

နောင်ချို စက်တင်ဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ယမန်နေ့တွင် MEVM မဲပေးစက်ဖြင့် ဒေသခံပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရန် မဲဆန္ဒရှင်အသိပညာပေးသင်တန်းများကျင်းပရာ နောင်ချိုမြို့၊ တောင်ရှည်ကျေးရွာအုပ်စု၊ တောင်းခမ်းဘုန်းကြီးကျောင်း၌ ဆရာ/ဆရာမ (၃၇)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (၄)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (၁)ဦး၊ ပြည်သူလူထု (၂၅၀)ဦးတို့အား ၉ နာရီမှ ၁၀ နာရီခွဲထိ မဲဆန္ဒရှင်အသိပညာပေးသင်တန်းကိုလည်းကောင်း၊ ၁၀ နာရီခွဲမှ ၅ နာရီခွဲထိ ဆရာ/ဆရာမများအား မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းကိုလည်းကောင်း၊ ကျောက်မဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် နောင်ချိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိတို့မှ သင်တန်းဖွင့်လှစ် ပို့ချခဲ့ပါသည်။

သင်တန်းတွင် ရှေးဦးစွာ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)သည် မြန်မာနိုင်ငံရှိ မဲဆန္ဒရှင်ပြည်သူလူထုတို့၏ စာတတ်မြောက်မှုနှုန်း၊ နားလည်နိုင်မှုအခြေအနေတို့နှင့် အကိုက်ညီဆုံးဖြစ်သော ဒီဇိုင်းကို တီထွင်ထားခြင်းဖြစ်ကြောင်း မြန်မာအီလက်ထရောနစ်မဲပေးစက်အား မိတ်ဆက်ပေးခဲ့ပါသည်။

မဲပေးစက်အား ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ မဲပေးချက်ဖော်ပြသည့် စက်ဟူ၍ အစိတ်အပိုင်း (၃)ခုဖြင့် ဖွဲ့စည်းထားကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်အား ပြည်သူလူထုသိရှိနားလည်စေရန် အသေးစိတ် ရှင်းလင်းပေးခဲ့ပါသည်။

ထို့နောက်တွင် တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ပြည်သူလူထုများအား လက်တွေ့စမ်းသပ် မဲပေးစေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)