ကော့ကရိတ် စက်တင်ဘာ ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်မြဲဖြစ်သော (၉၉) ကြိမ်မြောက် ဆွမ်းကြီးလောင်းလှူပွဲတော်ကို အမှတ် (၄) ရပ်ကွက်ရှိ တောင်ပေါ်ကျောင်းတိုက်၌ ယနေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွမ်းကြီးလောင်းလှူပွဲတော်တွင် ကော့ကရိတ်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းပေါင်း (၂၇) ကျောင်းမှ ဝါတွင်းကာလဉပုသ်သီတင်းဆောက်တည်ကြသော သာကီနွယ်အဝင် သံဃာတော် အရှင်သူမြတ် (၉၇) ပါးနှင့် သီလရှင် (၅) ပါးတို့အား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်များမှ သဒ္ဒါထက်သန်အလှူရှင်များက လှူဖွယ်ဝတ္ထု၊ ပစ္စည်းအစုစုတို့ကို စုပေါင်း၍ လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)