နမ့်စန်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

နမ့်စန်(တ)    စက်တင်ဘာ-၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၅) ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါအထက်တန်းနှင့် အလယ်တန်းအဆင့်  စာစီစာကုံးနှင့်ကဗျာ ပြိုင်ပွဲကျင်းပနေမှုကို ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျှက် ရှိသည်။

နံနက် ၉နာရီတွင် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပရာ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျား (၆) ဦး၊ မ(၃၆)ဦး၊ စုစုပေါင်း(၄၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နေ့လယ် ၁ နာရီတွင် အထက်တန်းနှင့်အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျား(၆)ဦး၊ မ(၃၇)ဦး၊ စုစုပေါင်း(၄၃)ဦးဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)