ရွာငံမြို့နယ် မြို့ဦးမင်္ဂလာကျောင်းတိုက်နှင့် ဗထူးပန်းခြံအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရွာငံ စက်တင်ဘာ ၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို စက်တင်ဘာ ၆ရက် နံနက် ၈ နာရီက မြို့ဦးမင်္ဂလာ‌ကျောင်းတိုက် အတွင်းအပြင်နှင့် ဗထူးပန်းခြံတို့၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ရွာငံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး​ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆိုင်က ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်‌‌ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ရွာငံမြို့ ဈေးတန်ရပ်ကွက်ရှိ မြို့ဦးမင်္ဂလာကျောင်းကြီးအတွင်းအပြင်နှင့် ဗထူးပန်းခြံအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများ၊ ရေမြောင်းများ၊ အမှိုက်များ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး အမှိုက်များကို စည်ပင်အမှိုက်သိမ်းယာဥ်ဖြင့် စနစ်တကျသိမ်းဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးသန့်