ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌  မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြော

ဆီဆိုင် စက်တင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတာဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အဆိုပါကျောင်းရှိ ယုဇနခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ဆီဆိုင်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်အကြောင်းများကိုလည်းကောင်း၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး မြင့်စိုးက လူကုန်ကူးမှုအန္တရာယ်နှင့် တားဆီးကာကွယ်ရေးအကြောင်းများကိုလည်းကောင်း၊ မြို့မစခန်းမှူး ဒုတိယရဲမှူး ဇော်လင်းဦးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကိုလည်းကောင်း ပရိုဂျက်တာဖြင့် အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့ကြသည်။ ထိုနောက် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့တို့က ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)