အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနား ကျင်းပ

ညောင်ရွှေ စက်တင်ဘာ ၆

အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား ရတနာစံကျောင်းတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား ဘဏ္ဍာတော်ထိန်းသိမ်းစောင့်ရှောက်ရေးဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများက ဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားအား ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူကြသည်။ ထို့နောက် အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား ဘဏ္ဍာတော်ထိန်းသိမ်းစောင့်ရှောက်ရေးဂေါပကအဖွဲ့ ဩဝါဒါစရိယ ရေသာဘုရားကျိန်းကျောင်းဆရာတော် ဘဒ္ဒန္တဝေပုလ္လ က ဖောင်တော်ဦးဘုရားဘက်စုံပြုပြင်ရန်အတွက် အလှူငွေ ကျပ်သိန်းငါးဆယ်လှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများကြွရောက်တော်မူပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကအဖွဲ့တာဝန်ရှိသူများ၊ ဘုရားဖူးပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)