သုံးခွ စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အ-ထ-က(၁) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးစုမောင်က ဆက်သွယ်ရေး လိမ်လည်မှုမှတစ်ဆင့် လူကုန်ကူးခံရမှုနှင့် ငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကိစ္စရပ်များအား ဟောပြောခဲ့ပြီး ကျောင်းသား/သူများအား ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယို(၂)ခုအား projector ဖြင့် ပြသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးစုမောင်နှင့်ဆရာ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)