ကျောက်တန်း စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊ကျောက်တန်းမြို့နယ်၌ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ၀ဲကြီးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးမျိုးသန်းက မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး စပါးအထွက်နှုန်းတိုးတက်စေရေးအတွက် ဓာတ်မြေသြဇာရောစပ်အသုံးပြုနည်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသန်းနှင့် ၀န်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေတောင်သူများ စုစုပေါင်း (၅၂) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)