လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

လှိုင်းဘွဲ စက်တင်ဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့(ဃ)ရပ်ကွက် အောင်ဆန်းခန်းမတွင် ယနေ့နံနက် (နာရီအချိန်၌ ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား စစ်ဗျူဟာ(အခြေချ)လှိုင်းဘွဲ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းလင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ထူးနိုင်၊ မြို့နယ်သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စန်းစန်းအေးနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ စစ်ဗျူဟာ(အခြေချ)လှိုင်းဘွဲ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်က ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး  မြို့နယ်သဘင်အစည်းအရုံးအဖွဲ့မှ အောင်စေပိုင်စေသီချင်းဖြင့် သီဆိုကပြဖျော်ဖြေခြင်း၊ အထက်ရေပူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများက တယောဖြင့် တီးခတ် ဖျော်ဖြေပြီးနောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ပြိုင်ပွဲအမျိုးအစားအလိုက် ဆက်လက်ယှဥ်ပြိုင်ခဲ့ကြသည်။

၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အဆိုပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၃၇)ဦး၊ အကပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၂)ဦးဖြင့် စက်တင်ဘာလ() ရက်နေ့မှ (၇)ရက်နေ့အထိ ယှဥ်ပြိုင်ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် မြို့နယ်ကိုယ်စားပြု ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာလ(၁၂)ရက်နေ့မှ (၁၃)ရက်နေ့အထိ ဘားအံမြို့တွင် ပြည်နယ်အဆင့် ဆက်လက်ယှဥ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)