ကျိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေး

​ကျိုင်းတုံ စက်တင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မှရှင်အဖွဲ့ခွဲရုံးက ဒေသခံပြည်သူများသို့  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို လွယ်လုံကျေးရွာရှိ  ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုမွန်ကျော်နှင့် ကော်မရှင်အဖွဲ့ဝင်များက မြန်မာအီ လက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့ မဲပေးနည်း၊ အသုံးပြုနည်းများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသောဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့်   လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြပြီး သိရှိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်