လိပ်သို စက်တင်ဘာ ၅
ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်များကို သိရှိရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ ကရင် ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် ၁၉ ရာစုနောက်ပိုင်း တွေ့ရှိရသော မူးယစ်ဆေးဝါးများ၊ အခြားနိုင်ငံများတွင် တွေ့ရှိရသော မူးယစ်ဆေးဝါး ပုံစံကွဲများ၊ စိတ်ကြွဆေးအမျိုးမျိုး၊ ဘိန်းနှင့် မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အန္တရာယ်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးရုပ်ပြကာတွန်းများ စသည့် အကြောင်းအရာများကို ပြသထားရှိရာ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားပြီး သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့ဦးစီးမှူးက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် လစဉ်အခါအားလျော်စွာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခခင်လေးနွယ်