ရေဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီဉက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

ရေဖြူ စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဉက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၄ ရက်နေ့ ညနေ (၂) နာရီက အ.ထ.က၊ ရေဖြူကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။    

အဆိုပါအားကစားပြိုင်ပွဲဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန္တာပြုံးက အဖွင့်မှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများက သစ္စာအဓိဠာန်ရွတ်ဆိုခဲ့ပြီး အခြေခံပညာကျောင်း ကျောင်းသူလေးများက ကျောင်းသားအားကစားသီချင်းဖြင့် ကပြခြင်း၊ အေရိုးဗစ်၊ ပန်းပွားအကဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ကျန်စစ်သားအသင်းနှင့် ဘုရင့်နောင်အသင်းတို့စတင် ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ပြိုင်ပွဲတွင် ဖူဆယ်ဘောလုံးအားကစားကို အသင်း (၆) သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး (၃) ရက်ကြာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ခတ္တာ(ရေဖြူ)