ချမ်းအေးသာစံ စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ လစဉ်စာတမ်းဖတ်ပွဲကို ကျင်းပလျက်ရှိရာ စတုတ္ထအကြိမ် စာတမ်းဖတ်ပွဲကို စက်တင်ဘာ၄ရက် နံနက် ၁၀နာရီက လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပသည်။
စာတမ်းဖတ်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး စာတမ်းရှင်များဖြစ်သည့် စာရေးဆရာမကြီး ဒေါ်တင်မမခိုင်(တင်မမခိုင်-မန်းတက္ကသိုလ်)က “မန္တလေးမြို့ ရွှေမုဋ္ဌောကိုးဆူသမိုင်း” စာတမ်းနှင့် စာရေးဆရာ သျှန်းဌေး (ဗုဒ္ဓစာပန်းချီ)က “ချမ်းသာရဘုရားသမိုင်း”စာတမ်းတို့က ဖတ်ကြားရာ တက်ရောက်လာသည့် စာရေးဆရာများ စာပေဝါသနာရှင်က မေးမြန်းဆွေးနွေးကြရာ စာတမ်းရှင်များက ပြန်လည် ဆွေးနွေးဖြေကြားသည်။
စာတမ်းဖတ်ပွဲသို့ မြို့နယ်စာရေးဆရာအသင်းဝင်များနှင့် မန္တလေးမြို့ရှိ ရဟန်းစာပေပညာရှင်များ၊ စာရေးဆရာများ၊ Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
ထွန်းထွန်းနိုင်