နမ့်စန်မြို့တွင် ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ကြည့်ရှုအားပေး

နမ့်စန်() စက်တင်ဘာ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ နမ့်လစ်ကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နယ်မြေခံတပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ပန်လင်းကျေးရွာအုပ်ချုပ်ရေးမှူး ရုံးခန်းမတွင် ဆောင်ရွက်ခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆရာဝန်များက ဒေသခံတိုင်းရင်းသားများအား ကျန်းမာရေးစစ်ဆေးပေး၍ ကုသပေးနေမှုကို တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အာဟာရပြည့်စားသောက်ဖွယ်ရာများ ပေးအပ်ကာ ဆေးရုံဆက်လက်တက်ရောက်ရန် လိုအပ်သူများကို နမ့်စန်မြို့ရှိ တပ်မတော်ဆေးရုံတွင် ဆေးရုံတက်ရောက်ကုသနိုင်ရေးအတွက် လိုအပ်သည်များစီစဉ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နယ်မြေခံတပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များက နမ့်လစ်ကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားကျား (၇၄)ဦး၊ မ(၉၃)ဦး၊ စုစုပေါင်း (၁၆၇)ဦးတို့ကို ခွဲစိတ်မှုဆိုင်ရာရောဂါ၊ အရိုးအဆစ်နှင့်ပတ်သက်သောရောဂါ၊ သွားနှင့်ခံတွင်းဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ ဖျားနာရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများကို တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသရန်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)