ရန်ကုန် ဩဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ကွန်ကရစ် လမ်းခင်းနေသည့် လုပ်ငန်းခွင်သို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့သည်။
ကွင်းဆင်းကြည့်ရှုရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် မြို့နယ် လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးသန်းဦး တာဝန် ယူဆောင်ရွက်နေ သည့် မြို့သစ်(က+ခ)ရပ်ကွက်၊ က/၅ လမ်း ကွန်ကရစ်လမ်းခင်းနေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ပြီးစီးမှု ပမာဏနှင့် ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)