ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများမှ တောင်သူများ တစ်နှစ်လျှင် ပြောင်းဖူး လေးကြိမ်ထိ စိုက်ပျိုးရောင်းချ

ညောင်ဦး ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုမှ ပြောင်းဖူးစိုက်ပျိုး တောင်သူမျာတစ်နှစ်ပတ်လုံး ပြောင်းဖူး လေးကြိမ်ထိ စိုက်ပျိုးရောင်းချကြခြင်းဖြင့် တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု ကျေးရွာများသည် တစ်နှစ်ပတ်လုံး‌ မြေအောက်ရေအသုံးပြုကာ ပြောင်းဖူးပြီး ပြောင်းဖူးစိုက်ပျိုးကြပြီး တစ်နှစ်လျှင် လေးကြိမ်ထိ စိုက်ပျိုးရောင်းချနေသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့တွေ ပြောင်းဖူးစိုက်ပျိုးရတာ ဈေးကွက်အခြေအနေထက် ပြောင်းဖူးတစ်သီးစိုက်ပျိုးလျှင် အချိန်နှစ်လခန့်ဖြင့် ပေါ်သောကြောင့် ရောင်းချချိန်မြန်ပြီး ငွေလည်းအမြန်ပေါ်ကြောင်း၊ ထွက်ရှိလာသည့် ပြောင်းဖူးများကို ညောင်ဦး-မြင်းခြံ ကားလမ်မကြီးဘေးတွင် ယာယီတဲများထိုးကာ ရောင်းချကြကြောင်း၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများမှ ပြောင်းဖူးပွဲစားများ လာရောက်ဝယ်ယူကြကာ ခြောက်ဘီးမော်တော်ယာဉ်ဖြင့် သယ်ယူကြကြောင်း ပြောင်းဖူးတစ်ခါဝယ်ယူလျှင် ပြောင်းဖူး သုံးသောင်းမှ ငါးသောင်းထိ ဝယ်ယူကြကြောင်း သိရသည်။

ပြောင်းဖူးဆယ်ဖူးဈေး ခုနှစ်ထောင်ကျပ်မှ  ရှစ်ထောင်ကျပ်ထိ ရောင်းချနေရကာ ပြောင်းဖူးစိုက်ပျိုးသည့်တောင်သူများ ရှုံးတာ တစ်ခါမှမကြုံဘူးသေးကြောင်း၊ မျိုးကောင်း၊ မျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်းကြောင့် ပြောင်းဖူးအရည်အသွေးအကောင်းဆုံးဖြစ်နေကာ ဈေးနှုန်းမှာလည်း အကောင်းဆုံးရောင်းချရသည့် ကုန်ပစ္စည်းဖြစ်နေကြောင်း ပြောင်းဖူးစိုက်ပျိုးတောင်သူများက ရှင်းပြသည်။

စိုက်ပျိုးသည့်ပြောင်းဖူးများကတော့ အစီးပြောင်း၊ သကြားပြောင်းနှင့်ကြက်တမော့ပြောင်းတို့ စိုက်ပျိုးကြပြီး မိုးရာသီစိုက်ပျိုးသည့် ပြောင်းသာ သုံးလခန့်မှ ပေါ်ကြပြီး၊ ဆောင်းရာသီနှင့် နွေရာသီအချိန်နှစ်လခန့်ဖြင့် ပေါ်ကြောင်း ဦးဝင်းတင့်က ရှင်းပြ၍ သိရကာ ထွက်ရှိလာသည့် ပြောင်းဖူးများအား ပခုက္ကူ၊ ညောင်ဦး၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်းမြို့များမှ ပြောင်းဖူးပွဲစားများ လာရောက်ဝယ်ယူခြင်း၊ မန္တလေး၊ ရန်ကုန်တို့မှ ပြောင်းဖူးပွဲစားများ လာရောက်ဝယ်ယူကြကြောင်း သိရသည်။

ဒီပါလင်း