မြဝတီမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ကျောင်းကောင်စီဥက္ကဋ္ဌဖလား မိုးရာသီ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မြဝတီ        သြဂုတ် ၂၆

ကရင်ပြည်နယ်မြဝတီခရိုင် မြဝတီမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက်၉နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ကျောင်းကောင်စီ ဥက္ကဋ္ဌဖလား မိုးရာသီ ဖူဆယ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က အမှာစကားပြောကြားသည်။ ဆက်လက်၍ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း၊ ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ် ဆရာကြီး ဦးညီညီအောင်က  ကျောင်းကောင်စီဥက္ကဋ္ဌဖလား မိုးရာသီဖူဆယ်ဘောလုံး ပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားကာ ပြိုင်ပွဲဝင်အားကစား သမားများက အားကစားသစ္စာဓိဌာန် ရွတ်ဆိုသည်။

ထို့နောက်ဘင်ခရာမောင်မယ်တပ်ဖွဲ့ သရုပ်ပြခြင်း၊ ကဗျာလွတ်အကဖြင့် ကျောင်းသား လူငယ် များကဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်က  မိုးရာသီ ဖူဆယ် ဘောလုံး ပြိုင်ပွဲ စတင်ရန် အဖွင့်ဘောလုံးအားကန်သွင်းပြီး  အသင်းအလိုက် ဆက်လက် ယှဥ်ပြိုင်ကြသည်။ အဆိုပါ ပြိုင်ပွဲကို သြဂုတ် ၂၆ ရက်မှ ၂၈ ရက်အထိ  ဆက်လက် ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်းသိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)