တွံတေးမှ ဒလသွားလမ်း ဘုရားငုတ္တိုကျေးရွာတွင် quick win စီမံချက်နင့်အညီ စည်းကမ်းပျက်/မော်တော်ယာဥ်၊ မော်တော်ဆိုင်ကယ်များစစ်ဆေး

တွံတေး သြဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တွံတေးမှ ဒလသွားဘုရားငုတ္တိုကျေးရွာလမ်းဆုံအနီးတွင် quick win စီမံချက်နင့်အညီ စည်းကမ်းပျက်/မော်တော်ယာဥ်/မော်တော်ဆိုင်ကယ်များစစ်ဆေးအရေးယူခြင်းကို ဩဂုတ်လ ၂၄ ရက်နေ့နံနက် ၉ နာရီက ဆောင် ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ တွံတေးမှဒလသွားလမ်း ဘုရားငုတ္တိုလမ်းဆုံအနီး၌ ယာဥ်ထိန်းရဲတပ်စု(၅၇)မှ တပ်ဖွဲ့ဝင်များများသည် တွံတေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ဘုရားငုတ္တိုရဲကင်းမှတပ်ဖွဲ့ဝင်များ၊ တပ်မတော်ရေမှတပ်ဖွဲ့ဝင်များနှင့်အတူပူးပေါင်း၍ စည်းကမ်းပျက်ယာဥ်များစစ်ဆေးခြင်းလိုင်စင်မဲ့မော်တော်ယာဥ်၊ မော်တော်ဆိုင်ကယ်၊ ဘေးတွဲယာဥ်၊ သုံးဘီးတပ်ယာဥ်များစစ်ဆေးရှာဖွေခြင်း quick win စီမံချက်နှင့်အညီ စည်းကမ်းပျက်ယာဥ်များဖမ်းဆီးအရေးယူခြင်းနှင့် လိုင်စင်မဲ့ မော်တော်ယာဥ်/မော်တော်ဆိုင်ကယ်များ အိပ်ဇောဖွင့်ယာဥ်များရှာ‌ဖွေစစ်ဆေးခြင်းနှင့် အ သိပညာပေးလက်ကမ်းစာစောင်(၇၀)‌‌‌စောင်အားဝေငှပေးခဲ့ကြောင်းသိရသည်။

မျိုးလှိုင်(တွံတေး)