ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ပုဗ္ဗသီရိ ဩဂုတ် ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအမျိုးသမီးအသင်း (Women Club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ် ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆွေဆွေအေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းသည် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်သူအချင်းချင်း အသိပညာများဖလှယ်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာပေချစ်မြတ်နိုးသူအမျိုးသမီးအသင်း (Women Club) အသင်း အဖွဲ့ဝင်များဖြစ်ကြသည့်  ဒေါ်ထက်မျက်လွင်၊ ဒေါ်မေမြတ်ဦးခင်၊ ဒေါ်နီနီလွင်၊ ဒေါ်သက်မှူးခိုင်တို့က စာရေးဆရာ လူခါး၊ ကိုစိုးထိုက်(ဖဒို)၊ ဟမ်စိုင်း(ဆေး-မန်း)၊ ချမ်းငြိမ်း(ဟံသာဝတီ)၊ ပီတိ(ပေကြီး)၊ စိမ့်စမ်းဖြူ(ဆေးတက္ကသိုလ်)၊ ဟေမာလွင်စသည့် စာရေးဆရာများရေးသားသော “လူငယ်နှင့်အောင်မြင်မှုပန်းတိုင်ဆီသို့” အောင်မြင်သောလူငယ်တစ်ယောက်ဖြစ်ဖို့ ပျော်ရွှင်ခြင်းဆီသို့ စာအုပ်ဖြင့် စာအုပ်တွင်ပါရှိသော ခေါင်းစဉ်များအနက်မှ မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုချင်းအလိုက် ဖတ်ကြားဆွေးနွေးကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

နန်းရွှေရတီ(ပြန်/ဆက်)