ပျော်ဘွယ် ဩဂုတ် ၂၂
ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဦးဆောင်၍ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် မဲဆန္ဒရှင်ပြည်သူများသို့ အသိပညာပေးခြင်းနှင့်လက်တွေ့ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ပန်းစုံ) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်သီတာခိုင်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်းနှင့် မဲပေးပုံအဆင့်ဆင့်တို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ရှင်းလင်းပွဲသို့တက်ရောက်လာသည့် မြို့ပေါ်(၆)ရပ်ကွက်မှပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်ကြပြီး မဲရလာဒ်အား လက်တွေ့သရုပ်ပြထုတ်ပြန်ကြေငြာခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)