ကော့မှူးမြို့နယ်တွင် လူငယ်စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်း ကျင်းပ

ကော့မှူး ဩဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဩဂုတ်လ ၂၀ ရက်နေ့မွန်းလွဲပိုင်းက လူငယ်စာပေဝါသနာရှင်များနှင့် လူငယ်စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်နှင့် ဒုတိယဦးစီးမှူးဦးထက်မြက်သူတို့က ကျောင်း သား၊ ကျောင်းသူများ တိုင်းပြည်၏အနာဂတ်ခေါင်းဆောင်များဖြစ်ပြီး နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည်သူများဖြစ်သောကြောင့် လူ ငယ်လူရွယ်များအကျင့်စာရိတ္တများကောင်းမွန်စေရေး စာအုပ်စာပေ‌များလေ့လာဖတ်ရှုရန်လိုအပ်ကြောင်း၊ မြန်မာစကားပုံတွင် ရေအသက်တစ်မနက် ထမင်းအ သက်ခုနစ်ရက်ဟူ၍ရှိကြောင်း၊ အလားတူ စာပေအသိပညာမရှိပါကအခက်အခဲအကျပ်အတည်းများနှင့်ကြုံတွေ့နိုင်ကြောင်း၊ ပညာအသက်သည် ဘဝတစ်သက်ဖြစ်ပြီး အမှားအမှန်အားဝေဖန်ပိုင်ခြားနိုင်သဖြင့် စာအုပ်စာပေများအား စဉ်ဆက်မပျက်လေ့လာဖတ်ရှုကြရန်လိုကြောင်း၊ စာအုပ်၊ စာ‌စောင်များလေ့လာဖတ်ရှုခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများ၊ စာဖတ်ဝိုင်းကျင်းပပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စာပေဝါသနာရှင် မနီနီဝင်းက စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေသားသည့် လူငယ်အညွန့်အဖူးများအတွက် စာအုပ်ထဲမှအနာမခံပါကခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဖြူဖြူဝင်းကကင်းထောက်လုလင်ကျင့်ဝတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်သီဟအောင်တို့ကသင်ကြားခြင်းအတတ်ပညာခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် လူငယ်စာပေဝါသနာရှင်မဖြူဖြူဝင်းက ဦးဆောင်ဆွေးနွေးရာ ကင်းထောက်အသင်းသားဖြစ်ဖို့ရာ မိဘ၏သဘောတူခွင့်ပြုချက်လိုကြောင်း၊ ကင်း ထောက်အသင်းသားများက ကိုယ့်ဆန္ဒအလျောက်စေတနာ့ဝန်ထမ်းလုပ်ဆောင်ကြရာမှာဖြစ်ကြောင်း၊ ကင်းထောက်ကျင့်ဝတ်(၁၀)ပါးရှိကြောင်း၊ (၁) သူတစ် ပါး၏ဘုံကြည်ကိုးစားမှုကို ခံယူနိုင်သောဂုဏ်သိက္ခာရှိရမည်။ (၂)တည်ကြည်ဖြောင့်မတ်မှုသစ္စာတရားရှိရမည်။ (၃)တစ်ပါးသူတို့အားအကူအညီပေးတတ်သည့် ဝတ္တရားနှင့်ပြည့်စုံရမည်။ (၄) လူတိုင်း၏အဆွေခင်ပွန်းဖြစ်စေ၍ အချင်းချင်းညီအစ်ကိုသဘောထားရှိရမည်။ (၅) ယဉ်ကျေးသိမ်မွေ့သော ကိုယ်၊ နှုတ်၊ စိတ်ရှိရမည်။ (၆)တိရစ္ဆာန်တို့၏အဆွေခင်ပွန်းလည်ဖြစ်ရမည်။ (၇)အခက်အခဲဟူသမျှနှင့်ကြုံတိုင်း ပြုံးရွှင်ကြည်လင်စွာရင်ဆိုင်ရမည်။ (၈)အထက်အမိန့်ကို (ဦးလည်မ သုန်)တစ်သဝေမတိမ်းနာခံရမည်။ (၉)ကိုယ်၊ စိတ်၊ နှုတ်၊ အပြုအမူ၊ အပြောအဆိုအားလုံး သန့်ရှင်းစင်ကြယ်စွာယဉ်ကျေးရမည်။ (၁၀)ချွေတာသုံးစွဲရမည်ဖြစ်ကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကျော်သူရ(ကော့မှူး)