နမ့်စန်(တ) ဩဂုတ် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဟိုက်ဖတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ဟိုက်ဖတ်ကျေးရွာရှိ အ.ထ.က(ဟိုက်ဖတ်)အားကစားကွင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က(ဟိုက်ဖတ်)ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာအောင်က အဖွင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲအတွက် ဘောလုံးများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများနှင့် ဘင်ခရာတပ်ဖွဲ့က အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆို အလေးပြု၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
အဆိုပါ ကျောင်းကောင်စီဖလားဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၂၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း(၅)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းနှင့် ဖွင့်ပွဲပွဲစဉ်တွင် အနော်ရထာအသင်းက ဘုရင့်နောင်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)