ရွှေပြည်သာမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်‌ရေးလှုပ်ရှားမှုနှင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး "လူငယ်စကားဝိုင်း"၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ရွှေပြည်သာ ဩဂုတ် ၂၀

ကျောင်းသား/သူများ၊ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင်ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံ‌ပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ-လ-က(၁၁)ခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား/သူ လေးများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက စာဖတ်ရှိန်မြှင့်မားရေး လှုပ်ရှားမှုအခမ်းအနားများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားကာ မြို့နယ်အားကစားမှူး ဦး‌ဇော်ဇော်လင်းက အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြော၍ အားကစားပစ္စည်းများကို ပေးအပ်ရာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ-လ-က(၁၁)မှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး‌ ဒေါ်ဝါဝါနိုင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အမှတ်(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမျိုးမှ မုဒိတာစကားပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်‌ အေးအေးမိုးနှင့် အခြေခံပညာအထက် တန်းကျောင်း(ခွဲ)အ-လ-က(၁၁)မှ အထက်တန်းပြ ဆရာမ‌ ဒေါ်ခင်ထွေးသီတို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်‌ ဆောင်ရွက်ပြီး အခြေခံပညာအထက်တန်းကျောင်း (ခွဲ)အ-လ-က(၁၁)မှ‌ ကျောင်းသား/သူ(၆)ဦးက လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်‌ဆေးဝါး၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်ယဥ်‌ကျေးမှု၊ လူငယ်နှင့်ပညာ‌ရေး၊ လူငယ်နှင့်ဆိုရှယ်မီဒီယာစသည့်ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/သူများ ကသိရှိလိုသည့် မေးခွန်းများကို‌လည်း ပြန်လည်ဖြေကြား‌ဆွေးနွေးခဲ့သည်။

လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံခန်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ-လ-က(၁၁)မှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ပြီး ပြိုင်ပွဲများတွင် ဆုရ ကျောင်းသား/သူများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)