ကျိုင်းလပ် ဩဂုတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကျောင်းသားလူငယ်များ ဘတ်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)နမ့်ဝမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်စန်းစန်းမြင့်က လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး “စာဖတ်ခြင်းကရတဲ့ ဆုလာဘ်” ခေါင်းစဉ်ဖြင့် စာဖတ်ခြင်းဟာ အသိပညာဗဟုသုတ တိုးပွားစေရုံသာမကဘဲ လူငယ်များအနေဖြင့် စဉ်းစားဆင်ခြင်နိုင်စွမ်း တွေးတောနိုင်စွမ်းများ ပိုမိုရရှိလာပြီး ကျောင်းစာတွင်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)