မိုးနဲ ဩဂုတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာနနှင့် ရှမ်းစာပေယဉ်ကျေးမှုအသင်းတို့ ပူးပေါင်း၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို နားခံကျေးရွာ ရှမ်းရိုးရာယဉ်ကျေးမှုပွဲတော်ကွင်းနေရာ၌ ယမန်နေ့နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်းဥက္ကဋ္ဌ ဦးမင်းမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးကျော်အောင်အောင်နှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများ အင်အား ၁၀၀ ဦးကျော် တက်ရောက်ခဲ့ကြပြီး ရှမ်းရိုးရာယဉ်ကျေးမှုပွဲတော်ကွင်း အတွင်း/ပြင်နေရာတို့၌ ချယ်ရီ ၆၀ ပင်၊ စိန်ပန်းနီ ၁၀၀ ပင်နှင့် ငုစပ် ၉၀ ပင် စုစုပေါင်းပျိုးပင် ၂၅၀ ပင်ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)