တံတားဦး ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ယခုနှစ်စိုက်ပျိုးထားသော မိုးမြေပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်အနေဖြင့် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြကြောင်း၊ မိုးမြေပဲကို မိုးရွာသွန်းမှုအပေါ်မူတည်ပြီး စိုက်ပျိုးကြကြောင်း၊ တံတားဦးမြို့နယ်၌ ဆီထွက်သီးနှံတစ်ခုဖြစ်သော မိုးမြေပဲ ဧက ၂၁၁၀၀ စိုက်ပျိုးရန် လျာထားပြီး ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးဖြစ်ကြောင်း၊ ယခုအခါ အဆိုပါ မိုးမြေပဲများ အောင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးထားသော မိုးမြေပဲများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းများက ပိုးမွှားရောဂါကျရောက်မှုကင်းစင်ရေး၊ သဘာဝ ပိုးသတ် ဆေးများ အသုံးပြုရေး၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများကို အချိုးကျရောစပ်ပြီး အချိန်ကိုက် အသုံးပြုရေး၊ မျိုးကောင်းမျိုးသန့်များရရှိရေးတို့ကို ကွင်းဆင်းပြီး အသိပညာပေးလျက်ရှိသည် ။
တံတားဦးမြို့နယ်တွင် ယခုနှစ်မိုးရာသီတွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲ ဧက ၂၁၁၀၀ ၊ နှမ်း ၄၁၁၇၆ ဧကနှင့် နေကြာ ၂၉၄၇ ဧက ၊ စုစုပေါင်း၆၅၂၂၃ဧက လျာထားကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှသိရသည ။
ရဲတင့်( ပြန်/ဆက်)