ကွမ်းခြံကုန်းမြို့နယ်တွင် အိမ်ဆောက်ပစ္စည်းအ‌ရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ကွမ်းခြံကုန် ဩဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အနေဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့မဈေးအတွင်း ရောင်းချသော အိမ်ဆောက်ပစ္စည်းဆိုင်များအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်းရောင်းချနေသော ဆိုင်များအား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆောက်လုပ်ရေးသုံးပစ္စည်းများသည် လမ်းတံတားများ၊ ရုံးအဆောက်အဦးများ တည်ဆောက်ရာတွင် အဓိကကျသောကြောင့် အိမ်ဆောက်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းမပြုကြရန် လုပ်ငန်းရှင်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်ပြည့်စိုး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်နွယ်နွယ်အေး၊ မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့၊ ဈေးတာဝန်ခံကျန်းမာရေး ( ၃ ) ဦးထွန်းထွန်း၊ ပူးပါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)