မိုင်းပျဉ်း ဩဂုတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တပ်နယ်များမှ အရာရှိများ၊ စစ်သည်များ၊ ရဲမေများနှင့် မိသားစုဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက မိုင်းပျဉ်းတပ်နယ် မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိက လက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသုံးပြုပုံ၊ အသုံးပြုနည်းများအား ရှင်းလင်းပြသပေးသည်။ ယင်းနောက် တက်ရောက်လာသော တပ်နယ်မှအရာရှိများ၊ စစ်သည်များ၊ ရဲမေများနှင့် မိသားစုဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့် ဆန္ဒမဲပေးနည်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိနှင့် ရုံးအဖွဲ့များက စနစ်တကျကြီးကြပ်၍ ရှင်းလင်းသရုပ်ပြသဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)