စာပေချစ်မြတ်နိုးသူ စာရေးဆရာ၊ စာရေးဆရာမများ (Book Club)အဖွဲ့ဝင်များ စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်

လှိုင်သာယာ(အနောက်) သြဂုတ် ၁၈

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စာပေချစ်မြတ်နိုးသူစာရေးဆရာ၊ ဆရာမများ Book Club အဖွဲ့ဝင်များကစာဖတ်ရှိန်တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ လစဥ်ပုံမှန်စာဖတ်ဝိုင်းကို ယမန်နေ့နေ့လည်(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးမြင့်ဇော်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်(Book Club)အသင်းဥက္ကဋ္ဌကဗျာဆရာ ဦးစိုးမိုးသိမ်းနှင့် (Book Club)အသင်းဝင်စာရေးဆရာ၊ စာရေးဆရာမများ၊ စာပေချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

ဦးစွာ(Book Club)အသင်းဥက္ကဋ္ဌက လစဥ်ပုံမှန်စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြန်/ဆက်ဦးစီးအရာရှိဦးမြင့်ဇော်က စာဖတ်ရှိန်တိုးတက်မြှင့်မားလာစေရန်အတွက် လစဥ်ပုံမှန်စာဖတ်ဝိုင်းကိုမပျက်မကွက်စိတ်ပါဝင်စားစွာတက်ရောက်လာကြသည့်စာရေးဆရာ၊ ဆရာမများအားဌာနကိုယ်စားကျေးဇူးတင်စကားပြောကြားသည်။ စာရေးဆရာဦးဇော်အောင်၊ (Book Club)အသင်းအတွင်း ရေးမှူးက စာရေးဆရာမောင်ချိုဝေရေးသားသော(၂၀၂၄)ခုနှစ် စာဗိမာန်စာပဒေသာ(ပထမ)ဆုရ 'ဇာတိစိတ်၏ခေါ်ဆောင်ရာ' စာပဒေသာစာအုပ်ကို ဖတ်ကြား ကြသည်။

ထို့နောက် တက်ရောက်လာကြသည့်စာပေချစ်မြတ်နိုးသူစာရေးဆရာ၊ ဆရာမများက စာပပေ၏အနှစ်သာရကို အပြန်အလှန်ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရှိရသည်။

ကျော်သန်း(ပြန်/ဆက်)