မက်မန်းမြို့တွင် ကျေးရွာချင်းဆက်မြေသားလမ်း ဖောက်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မက်မန်း ဩဂုတ် ၁၈

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဝမ်ပါလောင်း-ဖာဆေ့လမ်း ကျေးရွာချင်းဆက် မြေသားလမ်းချဲ့ခြင်းလုပ်ငန်းအတွက် စစ်ဆေးတိုင်းတာခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးတိုင်းတာခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်း၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးနိုင်နိုင်ဝင်း  မက်မန်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ထွန်း၊ မက်မန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၃ (မြို့ပြ) ဦးမျိုးကိုကိုနှင့် တာဝန်ရှိသူများက ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ၁၇၃.၄၂၅ သန်းဖြင့် မက်မန်းဗလကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် ဝမ်ပါလောင်း - ဖာဆေ့လမ်း လမ်းအရှည် ၂ မိုင်၊  အကျယ် ၃၀ ပေရှိ လမ်းမြေသားချဲ့ခြင်းလုပ်ငန်းအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးမြေပြင်အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အေဇက်ထွန်း(မက်မန်း)