မိုင်းဆတ်မြို့၌ မောရွှေစင်သမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

မိုင်းဆတ် ဩဂုတ် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မောရွှေစင်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဩဂုတ် ၁၆ ရက် နေ့လယ် ၁ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာခင်နှင့် အသင်းဥက္ကဋ္ဌ ဒေါ်တင်တင်အေးတို့က အမှာစကားပြောကြားပြီး စာရင်းစစ်အဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးရှင်းတမ်းနှင့် နှစ်ချုပ်အစီရင်ခံစာအား ဒေါ်နုနုရီက ဖတ်ကြားကာ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များအား ဒေါ်သူဇာခင်က ဖတ်ကြားသည်။

ထို့နောက် အသင်းအမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုစာရင်းများအား အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့် အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။

အဆိုပါ မောရွှေစင်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်သည် ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းသား၊ အသင်းသူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် အကျိုးရှိစေကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)