ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြား

ဒဂုံမြောက် ဩဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၆)ရပ်ကွက်၊  ဗိုလ်ဖိုးစောလမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အိမ်တွင်းမှုအတတ်ပညာတစ်ခုဖြစ်သော အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါသင်တန်းအား အခြေခံပညာအထက်တန်းကျောင်းသူ လူငယ်များ အိမ်တွင်းမှုအတတ်ပညာများ တတ်မြောက်စေရန်ရည်ရွယ်၍ အိမ်တွင်းမှုသက်‌မွေးပညာသင်ကျောင်း(ဘောင်ထရီ) ရန်ကုန်မှ နည်းပြဆရာမ‌ ဒေါ်ညိုညိုစိမ့်က အင်္ကျီကိုယ်တိုင်းတွက်ချက်နည်း၊ ပိတ်ညှပ်နည်းများကို လက်တွေ့သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းကို သင်တန်းသူ (၂၀)‌ဦးဖြင့် တစ်လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ရီ