မင်္ဂလာဒုံမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ကွင်းဆင်းဆောင်ရွက်

မင်္ဂလာဒုံ   ဩဂုတ်  ၁၇

လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် ဇီဝဆိုင်ရာအချက်အလက်များစိစစ်ကောက်ယူ၍ UID နံပါတ် ထုတ်ပေးခြင်းတို့ကို ယ‌နေ့ နံနက်ပိုင်းက ဘောလုံးကွင်းရပ်ကွက်၌ ဆောင်ရွက်‌သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးမှူး‌ ဒေါ်စန္ဒာမိုးနှင့် ဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများအား အိမ်ထောင်စုစာရင်း စိစစ်ဆောင်ရွက်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း၊ Biometric စာရင်းကောက်ယူခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးမြင့်သူ‌အောင်နှင့် တာဝန်ရှိသူများက ပံ့ပိုးကူညီပေးကြသည်။

နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်နိုင်ရေးအတွက် ရပ်ကွက်/ကျေးလက်နေ ပြည်သူလူထုလက်ဝယ်အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ နိုင်ငံသားစိစစ်ရေး ကတ် ရှိသူများ အတွက် ဂဏန်း(၁၀)လုံးပါဝင်သည့် UID ကတ်များပြုလုပ်ပေးနိုင်ရေး ဇီဝဆိုင်ရာအချက်အလက်များ စိစစ်ကောက်ယူပြီး   နေ့ချင်းပြီးဆောင်ရွက်လျက်ရှိကြောင်း  ဦးမြင့်သူ‌အောင် က ပြောကြားသည်။

မင်းသိန်းထွန်း